သူက အပေါ်တည့်တည့်မတ်ထားတော့ သူပဲ အများဆုံးခံရတာပေါ့

ဘာရယ်လို့တော့ မဟုတ်ပါဘူး
မနေ့က သီချင်းတစ်ပုဒ်ကို အပြန်ပြန်အလှန်လှန်နားထောင်ရင်း ပန်းခြံထဲငေးနေရင်း (တစ်ယောက်တည်း ဆွေးသည်ပေါ့)
ကုန်ကူးနေတဲ့ ပျားတစ်ကောင်တွေ့လို့ ဓာတ်ပုံရိုက်မလို့ ကင်မရာသွားယူတာ ပြန်ရောက်တော့ ပျားလေးက မရှိတော့ဘူး
သူ့လိုက်ရှာရင်း ပန်းအိုးထဲက ပန်းတွေ အများကြီးထဲမှာ တစ်ပွင့်တည်းထောင်မတ်နေတဲ့ အနွမ်းဆုံးပန်းလေးကို သတိထားမိလို့..
တခါတလေကျတော့လဲ လောကကြီးကို တည့်တည့်စိန်ခေါ်တဲ့အခါ ကိုယ်ပဲ အနာတရဖြစ်စေတယ်လို့ တွေးမိတာပါ
သမိုင်းထဲက နယ်နှင်ခံရတဲ့အမတ်ပြောသလို လေကြမ်းတိုက်တဲ့အခါ မြက်တွေလိုပဲ လေယူရာလဲ ယိမ်းသင့်ယိမ်းရမယ်ဆိုတာ သတိရလို့
နောက်ဆက်တွဲတွေးမိတာတွေလဲ တစ်ပုံတစ်ခေါင်းပါပဲ
..
ဟား!
ဆေးမသောက်ရသေးလို့ နည်းနည်းကြောင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ဒီညနေတော့ ခပ်နုနုဖြစ်နေတဲ့စိတ်ကို ပြန်တည့်အောင် ဘောလုံးသွားကန်မှပါ
အခုတလော ဗမာလိုတွေ ဘာလို့ရေးဖြစ်လဲဆိုတော့ တွေးမိတာတွေက ဗမာလို ဖြစ်နေလို့ပါ






10 comments:
Could be for me and maybe not, my blog says 9 minutes ago you posted it.
This beautiful image will replace the present cloudy day scene.
ပေးထားတဲ့ လင့်ကနေ သီချင်းသွားနားထောင် ဖြစ်တယ် .. အဲသီချင်းလေး ကြိုက်တယ် ... Guns N' Roses ဆိုထားတာ နဲနဲ ပိုမြူးတယ် ... ဒါပေမယ့် Bob Dylan လိုတော့ နားထောင်လို့ မကောင်းဘူး .. သီချင်းဆို အော်ရင် မုန်းတယ် .. ခပ်အေးအေးပဲ ကြိုက်တယ် ... မိန်းကလေး စိတ်နုတာ မဆန်းပါဘူး .. အဲဒါမှလည်း မိန်းမပီသမှာပေါ့ ... စိတ်နုဖို့ဆိုထက် စိတ်ပြတ်ဖို့ပဲ လိုတာပါ ... ဘောလုံးကန်တာတော့ သိပ်အဆင်ပြေမည် မထင်ပါ .. ဟိုတစ်လောက လက် .. အခု ခြေထောက် ဖြစ်နေဦးမည် .. ဖွ ဟဲ့ .. လွယ်ပါစေ ဖယ်ပါစေ ... နေဒေးသစ် မိန်းမမြန်မြန်ရပါစေ :D
သီချင်းလေးကို ကြိုက်သားပဲ
ပန်းလေးက လှတုန်းနော်
ဓာတ်ပုံဆရာတော်လို့နေမှာ...
ဘောလုံးကန်တယ်လား....
ရေးထားတဲစာလေးတွေကလဲ တကယ်ကိုနုပါတယ်
ဆေးသောက်ဦးနော်...
ဗမာမလေး ဗမာလိုတွေး ဗမာလိုရေးတာ ဖတ်ကောင်းပါ၏
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ပန်းလေးက လှတယ်ဗျို့ ..
e လိုရေးလဲ ဖတ်လို့ကောင်းတယ် .. မြန်မာလိုရေးပြန်တော့လဲ စာရေးကောင်းတယ်နော် ...
ခုချိန်ထိ ထောင်မတ်နိုင်သေးတဲ့ ပန်းလေးကိုရော
မြင်တတ်တဲ့ အစ်မကိုပါ ချီးကျူးပါတယ်
သိုးဆောင်းလိုရေးတာထက် မြန်မာလိုရေးတာ ပိုသဘောကျပါတယ် ပိုပြီးနားလည်တာပေါ့
း)
ပန်းလေးကနွမ်းပေမယ့်လှနေတုန်းပဲ။
ပျားကလေးက ဘလော့ပေါ်မှာ မော်ဒယ်လုပ်ရမှာစိုးလို့ ထွက်ပြေးသွားတာဖြစ်မယ်။
ပန်းလဲ ကြည့်သွားတယ်..
စိတ်ထဲရှိတာရေးထားတာလဲ ဖတ်သွားတယ်..
ကော်မန့်တွေ စိတ်ဝင်စားဖို့ကောင်းတယ်..
လာဖတ်သွားတယ် မမရေ ဘောလုံးကန်မယ်ဆိုရင် မီးကိုခေါ်နော် ဂိုးစောင့်ဖမ်းပေးမယ် အကိုတွေနဲ့တုံးက အဲလိုပဲ လူမရှိလို့ဆိုပြီး ဂိုးဖမ်းပေးရသေးတယ် အဟက်
အော်ဒါနဲ့ ကလေး ချစ်တတ်တယ် ဆိုရင် မီးကိုမွေးစားဂျာ သိလား မွေးစားမေမေ ရေ ဟိဟိ
Hi Sir..
Glad you like the picture :)
Hope you got my email and the songs!
နေဒေး..
မကြီးတကယ်ပဲ ခြေထောက်မှာ ပေပွအောင် အညိုအမဲစွဲလာတယ်၊ နင်တော့ နာမယ်၊ သီချင်းကတော့ တခြားလူတွေ ဆိုဖူးပေမယ့် ဒါမူရင်းထင်ပါတယ်၊ အကြိုက်ဆုံးပဲ
ကိုဖိုးစိန်..
ဟုတ်ကဲ့၊ ဆေးသောက်ပါ့မယ်၊ လာဖတ်ပြီး comment ပေးတာ ကျေးဇူးပါ
စုကျော်..
မမကို စာရေးကောင်းတယ် ပြောတာ စုကျော်တစ်ယောက်ပဲ.. အဟတ်
လေပြေ..
ကျေးဇူးပါ၊ ဒီမှာ အမြဲဖတ်နေကျ သူငယ်ချင်းတွေက ဗမာမဟုတ်ပါဘူး၊ ဒီ blog က ဝေးနေတဲ့လူတွေ အတွက်မို့ အားလုံးနားလည်အောင် အင်္ဂလိပ်လိုများများရေးဖြစ်တာပါ
ဂျွန်..
စဉ်းစားစရာပဲ .. အဟတ်
ပေါက်..
အင်း.. တို့လဲ ဝင်စားတယ်၊ ပေါက်ရတဲ့ comment ဆို ပိုဝင်စားတယ်
ှုငှက်မလေး..
တကယ်လာလေ၊ မ တို့က တနင်္လာတိုင်းကန်တာ၊ အချင်းချင်းပေါ့၊ league ကတော့ အခုမရှိဘူး၊ goal keeper တကယ်လိုတယ်၊
ကလေးကတော့ သုံးနှစ်အရွယ်လောက်ပဲ လိုချင်တယ်၊ :P
ကြိုက်၏ ၊၊ မှန်ပါတယ် ၊၊ ဒါပေမယ့် နွမ်းတော့ရော ၊ အခြားပန်းပွင့်လေးတွေ မရတဲ့ မိုးစက်လေးတွေ၇ဲ့ အနမ်း ကို ကိုယ်ပဲရတယ်လေ ၊၊ ဟာဟ.. ကြောင်တာနော်...
အခုတလော ဗမာလိုတွေ ဘာလို့ရေးဖြစ်လဲဆိုတော့ တွေးမိတာတွေက ဗမာလို ဖြစ်နေလို့ပါ
ဒါလည်းကောင်းတာပဲ.....
Post a Comment