
November 2009
just like that.. my holiday is coming to an end soon..
all too quickly
ငါ့မြေးလေးကို စကားဝအောင် မပြောရသေးဘူး ဆိုတဲ့ အဖိုးအဖွား
ရန်ကုန်ပြန်ရောက်ရင် စကတ်မဝတ်တတ်လို့ (ထမီလဲ မရှိတော့) ထမီတွေ ဒိုင်ခံချုပ်ပေးရတဲ့ အမ
ဒီအရွယ်ကြီးကိုလဲ မုန့်ဖိုးပေးတဲ့ အဒေါ်တွေ
တန်ဆောင်မုန်းဈေးပွဲ သွားချင်ပါတယ်ဆိုလို့ လိုက်ပို့တဲ့ ဦးလေး
ဘာလေးပဲ လုပ်ချင်လုပ်ချင် ဦးစားပေးတတ်တဲ့ သူငယ်ချင်းတွေ
..
အပင်ပန်းဆုံးကတော့.. သမီးကို ဖူးဖူးမှုတ်ထားတဲ့ အဖေနဲ့ အမေ
အမြဲ လိုလေသေးမရှိ လုပ်ပေးနေကျ ဆိုတော့ သူတို့ခမျာ နားရတယ်တောင် မရှိဘူး
မေမေ နဲ့ ဖေဖေက ဒီရောက်လာရင် ပူမှာစိုးလို့ ဂါဝန်တွေ ဝယ် .. မွေ့ရာနဲ့ မအိပ်ချင်ပါဘူးဆိုလို့ မြက်ဖျာဝယ်
အမျိုးအိမ်တွေ လိုက်ပို့.. လဖက်မှာပေး ငပိကြော်မှာပေး.. တွေ့ချင်တယ်ဆိုပြီး အိမ် လာသမျ လူကို ချက်ကျွေး..
ဟိ
တစ်ယောက်တည်းနေနေတော့လဲ ဖြစ်နေတာပါပဲ
ဒါပေမယ့်..
အိမ်ပြန်ရောက်တော့လဲ အကျင့် ပျက်တာပေါ့






9 comments:
နဂိုတည်းက လူဆိုးမပါ ဟိဟိ ...
တစ်ယောက်တည်းနေတော့ဘယ်သူလုပ်ပေးမှာလည်း အောင့်အီးနေရတာတွေ အတိုးချပီးဆိုးနေ..
ဒါဆို နဂိုဆိုးပေါ့
မထင်ရဘူး
ရန်ကုန်မှာ ဘောင်းဘီဝတ်လို့ မရဘူးလား :P
ဒါလည်း ကုသိုလ် တစ်မျိုးပါပဲဗျာ
ကျွန်တော်တို့လည်း ဒီလိုပဲ
မနက်စာကိုတောင် မှ အမေ ၀ယ်မကျွေးရင် မစားဘူး အိမ်မှာပြောတာပါ အပြင်မှာတော့ ဘယ်ရမလဲနော ... ငတ်သွားမှာပေါ့ ဟာဟ
ပျော်ရွှင် အဆင်ပြေပါစေ
မင်းအိမ်ဖြူ
ပျော်စရာကြီးနော်။
အားကျလိုက်တာ။
ဆိုးဒယ်.. ဘာဖြစ်လဲ? ဒီအဖေအမေ ဒီရည်းစားမှ မဆိုးရရင် ဘယ်သူ့သွားဆိုးရမလဲ ? အဟတ်
စူးနွယ်.. germany ရောက်တည်းက မပြန်ရသေးဘူးလား? ပူတယ်လေ.. ဘောင်းဘီ မဝတ်နိုင်ဘူး၊ ပြီးတော့ အဖိုးက ပုံသွင်းထားတာ၊ ရန်ကုန်ပြန်ရောက်ရင် မြန်မာဆန်ဆန်ပဲ ဝတ်ဖြစ်တယ်
ကိုမင်းအိမ်.. မယ်ကိုး - ဟုတ်တယ်၊ ပျော်နေတယ်၊ ပြန်ရမှာလဲ တမျိုးရယ်
အမယ် အားကိုးနဲ့  မိုက်နေတယ် ပေါ့ ဆိုးပေါ့ ဆိုးပေါ့
လူဆိုးမကြီး ကဲ ဘာပြောချင်လဲ
ပုံတွေကြည့်ရင်း၊ ဖတ်ရင်းနဲ့ ကိုယ်ပါ လိုက်ပျော်တယ်။
ကိုကိုဆိုလို့ အကို မှတ်နေတာ။
ကွန်မန့်တွေ့မှ ရှင်းသွားတယ်။ :)
တာ့တာ from s'pore..
Post a Comment