Sunday, 12 July 2009

Shades of purple



Loughborough, Leicestershire
June 2008

I can be violet-sky
...
I can be purple
I can be anything you like

Grace Kelly by Mika






အဘွားက ဖုန်းဆက်တယ် .. နေကောင်းရဲ့လား တဲ့
ပြောရင်းနဲ့ အရမ်းလွမ်းသွားလို့
..
ခရမ်းရောင် သိပ်ကြိုက်တဲ့ ..
အသက်၈၅ကျော်ပေမယ့် လှချင်သေးတဲ့ ..
အမြဲညစာလျှော့စားတတ်တဲ့ ..
ကျော့နေအောင် ပြင်တတ်တဲ့ ..
ခရီးမသွားရ မနေနိုင်တဲ့..
တွေ့တိုင်း အဆက်မပြတ် မျိုးစုံအောင် ကျွေးတတ်တဲ့..
သမီး october တော့ ပြန်လာမယ်မို့လားလို့ တဖွဖွမေးတတ်တဲ့..
ငါ့မြေးလေးက ညည်းတို့ထက် လိမ္မာတယ်လို့ အမေတွေအဒေါ်တွေကို ပြောတတ်တဲ့..
.. အဘွားအတွက်

.
.
.

ငိုပါဘူး
မျက်ရည်ကျယုံရယ်..

15 comments:

မယ်ကိုး said...

ကျွန်မ အမေလည်း ခရမ်းရောင် အရမ်းကြိုက်တယ်။ အခုတလော ခရမ်းတွေ ဘလော့မှာ မြင်ရတော့ သတိရစိတ် ပိုဆိုးတယ်။
ဒီပုံလှလှလေးတွေ ရရင် မမေအဘွားတော့ သိပ်ပျော်မှာပဲနော်။

PAUK said...

I could be anything u like...
..........
ဟဲဟဲ..ဆက်ဆိုလိုက်တာလေ..
........
အဘွားကိုသွားတွေ့ရတော့မှာ..
ပျော်လိုက်တာ...

နေဒေးသစ် said...

အောက်ဆုံး ပုံလေးက ပထမ အကြိုက်ဆုံး
အောက်ဆုံးက ရေရင် ဒုတိယပုံက ဒုတိယ အကြိုက်ဆုံး
အပေါ်ဆုံးက ရေရင် ပထမဆုံးပုံက တတိယ အကြိုက်ဆုံး
အပေါ်ဆုံးက စရေရင် ဒုတိယမြောက်ပုံက စတုတ္ထ အကြိုက်ဆုံး

အဘိုးအဘွားများ သတိရပါသည် ...
တစ်ယောက်မှ မရှိတော့ပါ ...

နေဒေးသစ်။

နေဒေးသစ် said...

အားးး သေပါပြီ အင်တာနက်ရယ် .. နှစ်ခါထပ်သွားပြီ .. အီးးးးးးးးးးးးးးးးးးး :(

သားကြီး said...

မငိုရင်ပြီးတာပဲ
မျက်ရည်တော့ကျချင်ကျပေါ့ :P
ပန်းတွေကိုမသိဘူး လှတာတော့သိတယ် :)

Anonymous said...

ဘာပန်းလေးတွေလဲဟင်။ အလယ်ကတစ်ခု ကိုသဘောကျတယ်။
mm

khin oo may said...

မငိုပါနဲ့။ ပြန်လို့ရတယ်။

ကိုလူထွေး said...

ပြန်လို့ရရင် ပြန်တွေ့လိုက်ပါ...
အဖွားသနားပါတယ်...

ဖိုးစိန် said...

ငါ့ဟာ ဖြူလွှလွှ တိမ်ဆိုင်တွေ ပြေးလွှားဆော့ကစားဖို့အတွက် ဖြစ်လာတဲ့ ခရမ်းပြာ ကောင်းကင်ကြီးတစ်ခုပါ...

ငါ့ရဲ့ကောင်းကင်ရင်ခွင်ထဲမှာ ညှာတံစိမ်းတဲ့ ခရမ်းရင့်ဖျော့ ပန်းတွေ အဆုပ်လိုက်ပွင့်လို့ပေါ့လေ...

ခရမ်းရောင်နုနုတွေကို ချစ်တဲ့ ပန်းလိပ်ပြာ ဖြူဖြူတွေက လှပစွာ ယိမ်းနွဲ့ကခုန်နေကြမယ်လေ..

ဒီလို ပျော်ရွှင်မှုအတွက် ငါ့ရဲ့ရင်ခုန်သံ စမ်းချောင်းလေးမှာ ဗေဒါတွေ တစ်ဆုပ်တစ်ခဲကြီး စီးမျောလို့ မင်းရှိရာ အရပ်ဆီကို ရွက်လွင့်လာခဲ့မယ်..

စောင့်ကြိုနေပါ..ကွယ်... ခရမ်းဖျော့ရောင် အနမ်းနုနုများနဲ့ပေါ့...း)

ဘာရယ်မဟုတ်ဘူး...

ခရမ်းရောင်ကိုကြိုက်လို့ ရေးသွားတာပဲ

ပန်းတွေလှတယ် မမ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ငိုရုံလေးပဲလား

နှပ်တွေရောထွက်သေးလားး)

အပြုံးပန်း said...

ခရမ်းရောင်ပန်းတွေက ကိုယ့်အသည်းတွေကို ငြို့နေသလိုပဲ။
ကိုယ်လည်းလွမ်းတယ်မေ။
ဘယ်ဆီကို လွမ်းမှန်းမသိ လွမ်းလိုက်တာ။

May Flower said...

မေ ပန်းလေးတွေ သိပ်သိပ်လှတယ် (ခုမှ မန့် တတ်လို့ မန့် လိုက်တယ်)

ဆု said...

မမြင်ဘူးဘူး မေ...
ဘာပန်းလို့ခေါ်လဲမသိ..
ပွင့်လွှာမှာ အကြောလေးတွေမြင်နေ၇တာ ဆန်းတယ်...

myo said...

ဒီပန်းတွေ တခါမှ မမြင်ဖူးဘူးမေ.. ရိုက်ထားတာ အရမ်းလှတာပဲ..

mae said...

ဘာပန်းတွေလဲ မသိပါဘူးး

ပထမနဲ့ စတုတ္ထက တောထဲမှာ လမ်းလျှောက်ထွက်ရင်း တွေ့တာ..
ဒုတိယက သူများခြံစည်းရိုးမှာ ခဲနေအောင် ပွင့်တာကို ရိုက်ထားတာ..
တတိယက အိမ်က ခြံထဲမှာ နှင်းဆီတွေရိုက်ရင်း တွေ့လို့ ခရမ်းမို့ ရိုက်လိုက်တာပါ

မင်းအိမ်ဖြူ said...

မမေ ဖြေလိုက်တော့ ရှင်းရော

ကျွတ်မုန်းဝင် ပေါ့လေ ဟာဟ