Sunday, 19 July 2009

မုန့်ဟင်းခါး



သမီးကြိုက်တတ်လို့ .. အနည်းဆုံးတစ်ပါတ်သုံးခါလောက် မနက်အစောကြီး ထပြီး မုန့်ဟင်းခါးချက်ပေးတဲ့..
ခရီးထွက်ရတဲ့ အချိန်တွေဆို သူ့သမီးလေး မနက်စာ ဘာမှမစားမှာစိုးလို့
မုန့်ဟင်းခါးတွေ ချက်ပြီး ဘူးလိုက် freezer ထဲ ထားပေးတတ်တဲ့..
.. ဖေဖေ့ကို လွမ်းလို့ မုန့်ဟင်းခါးချက်စားတယ်

အထုပ်ကို ငါးမွှေပဲရောနေကျဆိုတော့ အထုပ်မကျန်တော့တော့ ချက်နည်းသေချာအောင် အိမ်ကို ဖုန်းဆက်မေးတော့..
mummy dearest said to me: "You must be very free!"
O_-

ပြီးတော့ မဝါဆီက နည်းကို မှတ်မိသလောက်နဲ့ မှန်တယ်ထင်တာတွေ ရမ်းလုပ်ပြီး ပဲကပ်ကြော်တယ်
ဒီတခါတော့ ဗိုက်တော်တော်ဆာနေလို့ မုန့်ဖတ်ထည့်စားလိုက်ပါတယ်

14 comments:

JuneOne said...

ကပ်ပြီးစားသွားတယ်။

ဝက်ဝံလေး said...

ကြိုက်တယ်မုန့်ဟင်းခါး ပဲကြော်လဲကြိုက်တယ် အဟီးးး မမမေဒါပဲ နော် လာလည်ရင် ချက်ကျွေးရမှာနော် ဟဲဟဲ
ဘိုင် ဒီတခါ ၂ ရတယ်ကွ ဟိဟိ

အပြုံးပန်း said...

ကိုယ်လဲ မုန့်ဟင်းခါးကြိုက်တယ်မေ။
စင်ကာပူမှာ အလုပ်မသွားခင် စားချင်တာက မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ။
ဒါပေမယ့်လည်း မစားရပါဘူး၊ ကြုံသလိုပဲ။

khin oo may said...

ဒီနေ့
မြောင်းမြဒေါ်ချိုကို အထုပ်ဖောက် ရေနဲ့ကြို ဟင်းချိုလုပ်သောက်လိုက်တယ်မေ။

မီးမီးချစ် said...

စံပြ ဒေါ်ကြည် လဲ ကောင်းတယ်..
မုန့် ဟင်းခါး ဆို ကြိုက်မှကြိုက် ငရုတ်သီးမှူန့်  .. ရှောက်သီးစိတ်လေးပါ ထည့်စား..
ကောင်းမှကောင်း

PAUK said...

နံနံပင် မပါတာ ဆိုးတာပဲ..
မုန့်ဟင်းခါး ဆို အသေရရ အရှင်ရရ..
ကြိုက်ပါတယ်။။

sskyaw said...

မုန့်ဟင်းခါး စားချင်လိုက်တာ
မချက်စားဖြစ်တာတောင် ကြာပြီ ...
စုကျော်ကတော့ အိမ်က ငါးခူကို အသင့်ချက်စားလို့ရအောင် မွှေကြော်လုပ်ပြီး ပို့ပေးတယ် ဒါကို ရေနွေးရောလိုက်ရင် စားလို့ရပြီ ..
ပဲကပ်ကြော် ကိုယ်တိုင်ကြော်တယ်ဆိုတော့ နည်းနည်းတော့ လက်ဝင်မယ်နဲ့တူတယ်နော် .. ပဲကိုရေစိမ်ရမယ်ထင်တယ် .. တစ်ခါမှတော့ မကြော်ဘူးဘူး ..

kiki said...

မနက်တိုင်း အလုပ် မတက် ခင် .ဒီမုန့် ဟင်းခါး​လေး လာကြည့်  ပြီး ဗိုက် ဖြည့်ရ မယ် ..
စား​ကောင်း မဲ့ ပုံ ပဲ ..ဟိဟိ ..

May Flower said...

နည်းနည်းလေးလောက် စားကြည့်ချင်တယ်

Anonymous said...

အုန်းနို့ခေါက်ဆွဲတွေ စားထားလို့ ဗိုက်တင်းနေတယ်။
အဟိ.ကြုံကြွားလိုက်တယ်။
မမွန်

SDL said...

အမ်အမ်က ကိုဘ သယ်ရင်းလို့ မပြောရဘူး.. တလေထဲပဲ

Rita said...

ငတ်နေတုန်းတော့ ဘာမဆို ကောင်းတယ်။ အိမ်ပြန်ရောက်ရင် ဂျီးမှ များတတ်ပါတော့မလားတောင် ပူမိတယ်။ တကယ်

စူးနွယ်လေး said...

ဟယ်..တော်လိုက်တာ
မုန့်ဟင်းခါးတော့ တခါမှ ကိုယ်တိုင်မချက်ဖူးသေးဘူး

နေဒေးသစ် said...

မနက်စောစော မုန့်ဟင်းခါး စားချင်လို့ လာငေးတာ ..
အိမ်မှာတော့ မုန့်ဟင်းခါး ကြိုက်တတ်လို့ မနက်တိုင်း စားချင်တယ်ပြောရင် တစ်ပတ် သုံးရက်လောက် ချက်ပေးဖို့ ဘယ်သူမှ စိတ်မဝင်စားကြဘူး ..
မေမေကတော့ ပိုက်ဆံ ပေးတယ် ..
ဆိုင်မှာ သွားဝယ်စားတဲ့ ..
ဒါပေမယ့်လည်း ကျေနပ်ပါတယ် ..
အဆုံးသတ်တော့ အဲဆိုင်က အဒေါ်ကြီးနဲ့တောင် ဆွေမျိုးလို ဖြစ်သွားတယ် ..
အဲတုန်းက မုန့်ဟင်းခါး တစ်ပွဲ ၁၀ ကျပ် ..
တစ်ခါတစ်လေ ခေါက်ဆွဲသုတ်လေးကို ခုလို ပဲကပ်ကျော် ရွရွလေးနဲ့ ထည့်သုတ်စားတယ် ..
အရမ်း စားလို့ ကောင်းတာပဲ ..
လွမ်းသွားပြီ ..
ပြန်ချင်ပြီ ..

နေဒေးသစ်။