Saturday, 13 June 2009

Grand Union Canal Festival

Pictures taken on the 3rd of May

My walk became very productive when I realised that the carnival was just around the corner
yeay!!
ကြက်ကန်းဆန်အိုးတိုးတယ် ဆိုတာ ဒါပဲ ဖြစ်မှာ

I was very amused by the huge lollipop this boy was eating
so I asked his mum to let me take a picture



It turned out that Maha (who's from UAE) is a PhD student at LU
She gave me her number and introduced me to her friend
who's a mother of 5, and doing a PhD in Nutrition
i was awestruck that someone with children can find time to do a PhD.. and I told them so

တကယ်ချီးကျူးတာပါ..
အဲ့ဒါကို ဘယ်လို နားလည်သွားလဲတော့ မသိဘူး
သူတို့ကလဲ ပြန်အားပေးပါတယ်
စာအရင်ပြီးအောင်သင်တာ ကောင်းပါတယ် တဲ့
ယောင်္ကျားဆိုတာ နောက်လဲ ယူလို့ ရပါတယ်တဲ့
ရှာတွေ့မှာပါ အားမငယ်ပါနဲ့ တဲ့
သူတို့ကတောင် ဝိုင်းရှာပေးမယ့် သဘော
အဲ့ဒါနဲ့ ကမန်းကတန်းပြောရတယ်.. ရှိပြီးသားပါ.. ယူတော့မှာပါလို့
O_o

(ရေးလက်စ စိတ်မပါတော့လို့.. ကျန်တာတော့ ဓာတ်ပုံပဲ ကြည့်လိုက်ပါ)











6 comments:

PAUK said...

အဲ့မှာအေးတုန်းလား..
လူတိုင်းလက်ရှည်လေးတွေနဲ့..
lollipop စားနေတဲံ့ကလေးကလွှဲလို့
ကလေး၅ယောက်နဲ့ PhD တက်နေတုန်းဆိုတော့
တော်တော်အားကျဖို့ကောင်းတယ်..

sskyaw said...

အားကျစရာဘဲနော် .. ကလေး ၅ ယောက်နဲ့ PhD တက်နိုင်တယ်ဆိုတော့ ...
အောက်ဆုံး သုံးပုံကို ကြိုက်တယ် .....

Eleven said...

အောက်က ဓာတ်ပုံလေးတွေက carnival ပွဲတော်လုပ်နေတဲ့ ပုံတွေလား ... တစ်ခါမှတော့ မြင်ဖူးဘူး .. ဒါပေမယ့် သူတို့တွေ တော်တော်ပျော်နေကြပုံရတယ် ... lollipop ကလည်း ခြေထောက်ကြီး အဟီး .. စားရမှာ စိတ်ထဲတစ်မျိုးကြီးပဲ .. ကလေး ၅ ယောက်ရနေတာတောင် PhD တက်နေနိုင်သေးတယ် ဆိုတာတော့ ချီးကျူးစရာပဲ ... PhD ဆက်တက်မှ နင့်ကိုပေါင်းနိုင်မယ်ဆိုပြီး ယောကျာင်္းက ပြောထားလို့လား မသိ .. haha
နေဒေးသစ်။

khin oo may said...

မြန်မာလိုဘဲဖတ်သွားတယ။် ပျော်စရာကြီး ခေါင်းမူးနေတာတောင်ပျောက်သွားတယ။်

ဝက်ဝံလေး said...

တတိယပုံ မုတ်ဆိတ်မွှေးနဲ့ အဘိုးကြီးပုံကို ကြိုက်တယ် ဗျိုးးးး အဟီးးးး ဘီလိုကြီးလဲ မိသိဘူး ဟဟဟဟ

မမွေးစားလဲ နေ ဟွန်းးးများမှာက မွေးစားအဖေရှိတယ် အမေမရှိသေးလို့ မွေးစားခိုင်းတာ အွန်းးးး နေပေါ့ ဟဟဟဟ တာ့ တာ မမမေရေ ပေါသွားတယ်နော် အဟက် အဟက် (ရယ်တာနော် ချောင်းဆိုးတာ ဟုတ်ဘူး ငွားငွား)

Mae said...

ပေါက် - ဒီမှာ ရာသီဥတုက အစိုးမရဘူး၊ တစ်ပါတ်မှာ သုံးရက်လောက်ပူပြီး နောက်ရက်တွေက အေးချင်အေးတယ်၊ နေကလဲ ထွက်ချင်မှထွက်တာ

စုကျော် - လုပ်ပါလား PhD၊ ယောက်ျားမယူခင် :)

နေဒေး - ဟဟ၊ မကြီးအသိတစ်ယောက်ကတော့ ယောက်ျားက ဘွဲ့ယူရမယ်တဲ့၊ တကယ်တက်ရတယ်

မမ - ဆေးခပေးပါ :)

ငှက်မလေး - ဘယ်သူလဲ မွေးစားအဖေ၊ သူ့မိန်းမကတော့ မမွေးစားဘူးတဲ့လား?? အဲ့ဒီလူကြီးက တမင်ကို ဓာတ်ပုံရိုက်ခံတာလေ၊ ပါချင်လွန်းလို့