Monday, 29 June 2009

Fields of Gold


Rapeseed field, Loughborough, Leicestershire
June 2009
You'll forget the sun
.. in his jealous sky
As we walk in the fields of gold

Fields of Gold - Sting & Muvrini







အဲ့ဒီညနေက မိုးဖွဲဖွဲကျနေတယ်
တွန်းအားတစ်ခုကြောင့် ဇွတ်သွားခဲ့တယ်
နောက်နေ့ကျတော့ ဖျားတယ်
ဘာပဲ ဖြစ်ဖြစ်...
၁၀ လ လောက် စောင့်ပြီး လိုချင်တဲ့ ဓာတ်ပုံရိုက်လိုက်ရလို့ ကျေနပ်နေတယ်
;)
(ရူးတယ်ပဲ ပြောချင်ပြော.. တကယ်လဲ ရူးပါတယ်)

စိတ်တိုင်းကျတော့ မဟုတ်ဘူးပေါ့
.. နေသာတဲ့ တစ်နေ့တော့ ထပ်သွားချင်သေးတယ်
ရာသီဥတုက ကိုယ်နဲ့ သိပ်မတည့်တော့လဲ ...

11 comments:

Eleven said...

မနေ့ကတော့ ၁၀ ယောက်ကို ဦးစားပေးခဲ့ပြီ ဒီနေ့တော့ ၁ ပြန်ယူလိုက်ဦးမယ် ... haha :D

Eleven said...

ကျွန်တော် ပန်းတွေ ကြားထဲ ရောက်သွားရသလိုပဲ ...
ပျော်လိုက်တာဗျာ ....
ဒီယာခင်းလေးထဲမှာ ကိုမင်းအိမ်ရယ် .. ဌက်ကလေးရယ် .. စုကျော်ရယ်များရှိရင် ... လာ တူတူ " ၁ " ပြိုင်ဦးကြမယ်လို့ ပြောပြီး စိန်ပြေးလိုက်တိုင်း ဆော့ချင်လိုက်တာ ... :D
ခုတော့ သူတို့တွေက ပျောက်လို့ ....
သြော်သူတို့တွေ ဘတ်စ်ကား နောက်ကျလို့ နေမှာပါ ....
ကျွန်တော် နောက်နေ့ တက်ကစီ နဲ့ ကြိုခိုင်းလိုက်ပါ့မယ် ...
ဟီးဟီး အားလုံး ပျော်စေ ပျက်စေ စတာပါနော် ... စိတ်ဆိုးကြပါနဲ့ ... မောင်နှမတွေ ခင်လွန်းလို့ပါ ...
မကြီးမေ ... ယာခင်းတစ်ခင်းလုံး သဘောကျတယ် ...
လိုချင်တဲ့ ပုံတစ်ပုံအတွက် ပေးဆပ်လိုက်ရတယ် ထိုက်တန်ပါတယ် ...
တကယ် ကောင်းတဲ့ ရိုက်ချက်ပါပဲ ...

နေဒေးသစ်။

PAUK said...

စိတ်ညစ်နေတာ..အ၀ါရောင်တွေ့လိုက်ရတော့..
နဲနဲ သက်သာသွားတယ်..
မေမြို့နားက ပန်းနှမ်းခင်းတွေနဲ့တူလိုက်တာ..
နေကောင်းအောင်နေပါအုန်း..
နောက်ပြီး
ကြားစကား မယုံရ..

khin oo may said...

ရွေတွင်းပြမယ်ထင်လီု့

sskyaw said...

nice!!!, I like all photos :)

မင်းအိမ်ဖြူ said...

မမေရေ
မနေ့က သူငယ်ချင်းမင်္ဂလာဆောင် ရှိလို့ မူးသွားတာနဲ့ ခုမှ ၀င်ရတယ် ၊ ခေါင်းတွေ ကိုက်နေတာ မနည်း ရုံးလာရတယ်

မိုက်တယ် ပုံတွေက

ကိုနေဒေးနဲ့တော့ ကစားချင်ပါဘူ အဲဒီပန်းခင်းထဲမှာ

ကောင်မလေးချောချောလေးတစ်ယောက်နဲ့ ဓါတ်ပုံ ရိုက်ချင်လိုက်တာ ..... မမေရိုက်ပေးပါလား
ကျွန်တော်က အဖြူရောင်ဝမ်းဆက် ၊ကောင်မလေးက လည်း အဖြူရောင်လေးနဲ့လေ....

မိုက်မှာနော် အဟ ကိုနေဒေးတို့ ငှက်တို့ပါဘူးနော် ရှုပ်တယ် အဟိ........

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

အပြုံးပန်း said...

မကေအိုအင်က ရွှေတွင်းရပြီး ဘာလုပ်မှာလဲမသိဘူးနော်။

မေရေ၊ ကိုယ်လည်း နေကြာခင်းတခင်းကို ရိုက်ဖူးတယ်၊ ဓါတ်ပုံရိုက်တတ်လို့မဟုတ်ဘူး၊ အမှတ်တရရိုက်တာ၊ အဲဒီနေကြာခင်းလေးကို နောင်နှစ်ကျတော့ မတွေ့ရတော့ဘူးလေ၊ ဝေးရာကို ပြောင်းလိုက်ရလို့။
Anyway, you really have the sense of art. I appreciate it.

JuneOne said...

ဝါ၀ါမြင်တိုင်း ရွှေစစ်လို့မထင်လိုက်ပါနဲ့ မောင့်ချစ်သူရယ်။
အဲဒိ သီချင်းကိုသွားသတိရတယ်။
တော်တော်လှတယ်။တော်လိုက်တဲ့ မေ။

Mae said...

နေဒေး.. စာမေးပွဲပြီးသွားလို့ ပျင်းနေတယ်ပေါ့၊း)

ပေါက်ရေ.. ဟုတ်တယ်၊ ဒီနေ့ ခရီးသွားတာတင်ထားတယ်၊ ချစ်ယောင်းမအတွက်..ဟိ

မမနော်.. email က တစ်မှု၊ ဒါနဲ့ဆို နှစ်မှု၊ ပြန်လာရင် မုန့်ဝယ်ကျွေး

စုကျော်လေး .. အဲ့ဓာတ်ပုံတွေ စုကျော်ရိုက်ခိုင်းတာလေ၊ ရိုက်နေတုန်းတောင် သတိရနေတယ်၊း)

ကိုမင်းအိမ်.. ရတယ်၊ ကောင်မလေးသာ ရှာလာခဲ့၊ တခုတော့ ရှိတယ်၊ အဲ့ဒီပန်းတွေက အရောင်စွန်းတယ်တဲ့၊ အဖြူဆိုရင် သုံးစုံလောက် ယူရမှာ၊

မအပြုံးပန်းရေ.. မမက ရွှေတွင်းတွေ့ရင် ရွှေတွေရောင်းပြီး ပိုက်ဆံအိပ်တွေ မိက်ကပ်ဘူးတွေ ရန်ကုန်လက်ဆောင်ပေးဖို့သယ်မှာ.. ဟဟ

Ko Boyz said...

မြစ်ရေတစ်ကြောမှာ မျောတတ်တဲ့ ၀ါဝါတုံးလေးကို ရွှေထင်လို့ ဆယ်မိတဲ့ သူတစ်ယောက်ရဲ့ အမှား...။

sskyaw said...

ခုမှ မြန်မာလို လာမန့်တာ .. မနေ့က ရုံးမှာရဘူး ... :((
မိုက်တယ် ပုံအားလုံးကို ကြိုက်တယ် ... copy ကူးသွားတယ် ... စိတ်ထဲကအတိုင်းတာဆိုရင် ပန်းခင်းထဲမှာ နေညိုချိန် လမ်းလျှောက်ချင်တယ် :))