Saturday, 6 June 2009

Cooper's Hill, Glocestershire

Pictures taken on the 25th of May

The sign as we turned into the car park
I fell in love with it because it was just so rustic
This was snapped through the car window as we stopped to pay the parking fees



A little house by the hill
it could be my dream house;
a wooden structure with a wide verandah, fenced in by a hill filled with dandelions in summer.. tall shady trees to keep out the howling wind..



flowers by the hill



Click on the thumbnails below to view pictures:




ဒီနေ့ မိုးရွာနေတယ်.. မနက်ဖြန်လဲ မိုးရွာမယ်
အိမ်မှာ တစ်ယောက်တည်းပျင်းရိပြီး ခွေနေပါတယ်
အစကတည်းက သူငယ်ချင်းနှစ်ယောက်ပဲရှိတဲ့ ဒီမြို့မှာ မိုးရွာတဲ့အခါ ဘာမှကို လုပ်စရာမရှိပါဘူး
မိုးမှောင်နေတော့ တောထဲ လမ်းသလားလို့လဲ အဆင်မပြေ .. တောင်သွားတက်လို့လဲ မရ..
ဆိုင်မှာ တစ်ယောက်တည်း သွားထိုင်ရင်လဲ ကုလားဆွဲမှာ ကြောက်ရသေးတယ်

အခုအချိန် .. စင်္ကာပူမှာ သူငယ်ချင်းတွေနဲ့ BBQ လုပ်နေတဲ့မောင်ကို မနာလိုပါဘူး
(မောင်ဆိုတာ မောင်အရင်းခေါက်ခေါက်ကို ပြောတာပါ၊ အတွေးမခေါင်ကြပါနဲ့)
မင်္ဂလာဆောင်မှာ ရှိုးစမိုးအပြည့်နဲ့ ဖြစ်နေမယ့် အမေနဲ့ အဖေ ကိုလဲ မကြည်ဘူး

နောက်ဆုံးတော့.. ဓာတ်ပုံတွေရိုက်ထားပြီး ပစ်ထားတဲ့ အကြွေးတွေရှင်းဖို့ ကျိုးစားနေပါတယ်
ဆယ်ပုံတစ်ပုံတင် ရိုက်နေကျဆိုတော့ သုံးမရတာတွေ များလို့ ကွန်ပျူတာနဲ့ မဆန့်တော့တာကြောင့်လဲ..

12 comments:

ဖိုးစိန် said...

ကြိုက်လိုက်တာ
အဲအိမ်လေးမှာနေပြီး
စာရေးလို့ကတော့
ရှယ်ပဲ
မနက်စောစော အိပ်ယာနိုးရင်
ပြတင်းပေါက်နားက စာအုပ်စားပွဲမှာထိုင်ပြီး
အပြင်က မိုးသောက်ရှုခင်းလေးကိုမျှော်လို့
သိပ်ချစ်ရတဲ့ ချစ်သူလေးရယ်
မိုးလင်းဖွင့်ထားတဲ့ ရေဒီယိုလေးရယ်
ချစ်သူဖျော်ပေးတဲ့ ကော်ဖီပူပူလေးနဲ့ ပါမုန့်မီကင်းရယ်
စားပြီး ချစ်သူမျက်နှာကြည့်လို့ မနက်ခင်းတစ်ခုကို
ဖြတ်သန်းရရင် အဓိပါယ်ရှိလိမ့်မယ်...
စိတ်ကူးကြည့်မိတာပါ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Eleven said...

အဲလိုအိမ်လေးမျိုးကို အရမ်းသဘောကျတယ် .. ချောင်ကျကျ စိတ်ငြိမ်အေးချမ်းတဲ့ အိမ်လေး ... အိမ်နီးနားခြင်းတွေနဲ့လည်း သိပ်မနီးရဘူး .. နောက်ပြီး ဘေးနားမှာ ကျယ်ပြောလွန်းတဲ့ ပန်းတစ်ခင်းလည်း ရှိရမယ် ... အိမ်ထဲမှာ ကိုယ်ရယ် ကိုယ့်သိပ်ချစ်ရမယ့် ဇနီးတစ်ယောက်ရယ် ပြီးတော့ ဝဝတုတ်တုတ်နဲ့ ချစ်ဖို့ ကောင်းမယ့် သမီးအမွှာပူးလေး ( ၂ ) ယောက်ရယ် ... နေပျော်မယ့် ဘဝတစ်ခုလေး ... စိတ်ကူးထဲမှာနေရယုံနဲ့တင် ကျေနပ်မိပါရဲ့ ....

Mae said...

ကိုဖိုးစိန် - စိတ်ကူးကို အကောင်အထည်ဖော်နိုင်ပါစေ

နေဒေး - ဘာဇနီးတစ်ယောက်လဲ ? ဇနီးပေါ့၊ ပြသနာတက်ရင် ကိုယ့်ဘာသာကိုယ်ရှင်းနော် :P

အမလဲ အမွှာလိုချင်တယ်၊ သားနဲ့ သမီး၊ တခါတည်း ပြီးသွားရော

sskyaw said...

ဒီလို အိမ်လေးမှာ နေချင်တယ်ဗျို့ ... :)))

ပုံလေးတွေက အရမ်းလှတယ် ..

khin oo may said...

အဂ်လိပ်လိုကောမြန်မာလိုကောဖတ်သွားတယ်။ အိမ်လေးက တော့ရှယ်ဘဲ။

khin oo may said...

အိမ်ကလေးကြိုက်လိ့ ခိုးသွားမလို့ ကလစ်လုပ်ကြည့်သေးတယ်။

Mae said...

စုကျော် ..
ကျေးဇူးပါ

မမ ..
အိမ်ပုံ ပို့ပေးလိုက်တယ်

Eleven said...

အဲ .. ပြောတော့ မြန်မာစကား ကောင်းကောင်း မတတ်သေးလို့တဲ့ .. ကြည့်ပါဦး .. စကားလေးတစ်လုံးကို အထအနကောက်သွားလိုက်တာများ နောက်များဆို ကောမန့်ကိုတောင် မိုက်ခရိုစကုပ်နဲ့ သေသေချာချာစစ်ပြီးမှ ကောမန့်တင်ရတော့မလို ဖြစ်ပြီ .. :D ဟုတ်ပ ဟုတ်ပ ... တစ်ယောက် ဖြုတ်လိုက်ပြီနော် ... အထအန အကောက်ကျွမ်းတယ် ... ( ၁ ) မှတ် ... မကြီး !! :D

ဝက်ဝံလေး said...

ဘယ်လောက်မိုက်လဲ ငါ့အမတို့များ အိမ်ထဲမှာ တယောက်တည်းဆွေးချင်ရာဆွေး ရေးချင်ရာရေး ဟုတ်ဖူးနား

မမ ချီးဘောက် ဘယ်ပျောက်နေလဲ အော်မလို့ ဟာကို ဟွန်းးး လိုက်ရှာ မွှေနှောက်နေပြီ အတွေ့ဘူး

စာရင်းလာပြန်ရှင်းတာ များကို ရည်းစားထားဖူးလားမေးလို့ အဟီး အရှိပါဘူး ချိုနေ များက အထုမှနယ်နယ် ရေး ရှိသေးတာ ကိုနော် မမနော် များကို

မေမေ က မီးကို သိပ်ချစ်တာ မမရဲ့ ဒါနဲ့ မေမေ့ကို မညာချင်တာ နဲ့  ရည်းစားမထားဖြစ်တာပါ မမရာ
အမတဝမ်းကွဲတယောက်ကလဲ မမ အသက်လောက်ပဲ မမရေ သိလား တာ့တာနော် ဘိုင်

ဝက်ဝံလေး said...

မမရေ ရိုင်းများသွားလားမသိဘူး ညီမပြောတာ ခွင့်လွှတ်နော် ညီမပြောတာက မရှိကြောင်းလေး လာကြွားတာပါ ခစ်ခစ်

PAUK said...

ဘယ်တုန်းက ကျုပ်အိမ်ခိုးရိုက်သွားပါလိမ့်..
နောက်ဆို ခွင့်တောင်းပြီးမှရိုက်ပါ..

Moe Cho Thinn said...

အိမ်လေးက သဘောကျစရာ ကောင်းလိုက်တာ။
ပန်းအ၀ါသေးသေးလေးတပွင့် ခေါင်းမှာထိုးထားပြီး တောင်စောင်းလေးမှာ အေးအေးဆေးဆေး ထိုင်ချင်တယ်။