August 2008
Check out the rest of the set here
ပန်းခင်းလမ်းပဲ လျှောက်ပါ(ဖယ်ထားတဲ့ နောက်တစ်ပုံပေါ့.. )
အချစ်ကလေးရယ်
ခယောင်းတောထဲက တို့ကို ထားခဲ့ကွယ်..
မေ့လိုက်တော့ - ထူးအိမ်သင်
ဘာလို့မှန်းမသိ..
ဒီရှုခင်းကို ရိုက်တဲ့နေ့က ဓာတ်ပုံရိုက်ရင်းနဲ့ကို ထူးအိမ်သင်သီချင်း ပျော်ပျော်ကြီး အော်ဆိုမိတယ်
ဗမာစကားပြောရင် အထာတွေမသိပဲ စကားတွေမှားတတ်လို့
အမြဲ ရယ်စရာ(သို့မဟုတ်..ငိုစရာ)တွေဖြစ်တဲ့သူက ရုတ်တရက်ကြီး ဗမာသီချင်းထဆိုတော့
ဘေးကပါလာတဲ့ သူက ပြုံးယောင်ယောင်နဲ့
"တယ်ဟုတ်ပါလား" တဲ့
(ခုလဲ သင်နေဆဲပါပဲ.. ပိုတော့တတ်လာပြီထင်တာပဲ)
ခုထိလဲ ဒီပုံကြည့်မိတိုင်း ဒီသီချင်းပဲ ခေါင်းထဲရောက်လာပြီး အလိုလိုပြုံးမိနေလို့
မအောင့်နိုင်တော့တဲ့အဆုံး ချရေးလိုက်တယ်
ညက အိမ်ကို အရမ်းလွမ်းမိတာလဲ ပါပါတယ်
သူငယ်ချင်းနဲ့ ချိန်းပြီး စားနေကျ peninsula က ခေါက်ဆွဲသုပ်က စလိုက်တာ
အိမ်နီးနားချင်း အဖိုးကြီးအဖွားကြီးလင်မယားရယ်ပါ ရောပြီး သတိရသွားတယ်
သိပ်ချစ်တဲ့ ဒီနေရာလေးမှာ ချော်လဲပြီး ကင်မရာကွဲမှာ ကြောက်ကြောက်နဲ့ပဲ..
စကိတ်စီးပြီး ဓာတ်ပုံလျှောက်ရိုက်ရတာလဲ လွမ်းနေတယ်






8 comments:
ပန်းက တပွင့်နှပွင့်ရယ်...
မြက်ခင်းလမ်းကြီးကိုများ...
းဝ)
အဟက် ငါ့မကြီးးး ဆွေးနေတယ်ပေါ့ လေ ဟုတ်လား ဟီးးးး
အဲဒီ ကလူထွင်းး သူများက ပန်းခင်းလမ်းဆို ပန်းခင်းလမ်းပေါ့ သိပ်ရှည်တယ် ဘာမြက်ခင်းလဲ သူများကို သူမနာလိုလို့ အဲဂလိုပြောတာ သိရား မမမေ
တာ့တာ ဘိုင်
အော် ကြော်ငြာ၊ကြော်ငြာ။
အလွမ်းဓာတ်ခံနဲ့ ပန်းတွေကိုကြည့်မိတော့ အလွမ်းပို့စ်လေးဖြစ်လာတာပေါ့။
ပန်းခင်းလမ်းလေးကို ကြိုက်တယ်။
မမေ က မြန်မာစကား သင်တုန်းပဲလား ။ မထင်ရဘူး။ စာရေးတာ ညက်နေတာပဲနော်။
အဟ ပိုစ့်ထဲမှာ ကြော်ငြာပါတယ်...............
နောက်တစ်ခါ ကော့မန့်ထဲမှာ ထပ်ကြော်ငြာပါတယ် ..........
အင်း ကျွန်တော်နဲ့ တော့ ကွာပါ့ .................
အခုတော့ တို့ ဘ၀က ခရောင်းလမ်းထဲမှာ တစ်ယောက်တည်း P:
မရဘူး ပန်းခင်းလမ်းကို အမှီလိုက်ပြီး ၃ ယောက် လျှောက်ပစ်လိုက်မယ် D:
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
ပန်းခင်းလမ်းမှာ လျှောက်ရင်းလွမ်းတယ်ပေါ့ ... အင်းပေါ့လေ လွမ်းစရာရှိတဲ့သူကတော့ လွမ်းပေါ့ ... ဒို့ကတော့ လွမ်းတတ်ဘူး .. ဟားဟ
ပန်းပုံလေးတွေ အရမ်းလှတာပဲ... ကျွန်တော်တို့ ဘလော့ဂ်လေးမှာ ပုံတွေကို တင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီမေးလ်ကို ပို့ပေးနိုင်ပါတယ်။
nmmflowers@gmail.com
ခင်မင်စွာဖြင့်
nmmflowers
ပန်းခင်းလမ်းတော့ မလျှောက်ချင်ပါဘူး
ပန်းခင်းလမ်းပေါ် မှာ လှဲအိပ်ချင်တာပါ...
ဓာတ်ပုံလေးလှတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
Post a Comment