ကောမန့်ရေးလို့ ရပြီဆိုလို့ ရေးပြီနော် .. နောက်တော့မှ ပြန်မပိတ်နဲ့ :D ဒီပို့စ်က နှင်းဆီပန်းလေးကို ကြည့်ရင်းနဲ့ sidebar က ကောင်းမြတ်သီချင်း နားထောင်နေတာ .. အဲ့သီချင်းကို ကြိုက်တယ် .. ဒါပေမယ့် ကောင်းမြတ်ဆိုတဲ့ အပိုင်းကို ပိုကြိုက်တာ ဒီစာသားတွေကိုလေ " အကြောင်းက ရင်ခုန်သံတွေ တဒိတ်ဒိတ်နဲ့ ခေါင်းစား ဘယ်လိုပုံစံ မိန်းကလေးလဲ ထိန်းမရတဲ့ အာရုံတွေက လွင့်နေပြီ စွဲလမ်းတဲ့ တရားလွန် ဒီအကျင့်တွေသည် ငါ့ဘဝတစ်လျှောက် ခံစားချက်တွေ ဖြစ်တည်ခဲ့ ဘယ်သူတွေပြောပြော မကောင်းဘူးလဲ ချစ်သည်ပဲ " ဆိုတာ .... မျိုးကျော့မြိုင်ဆိုတာကိုတော့ ဒီလောက် မကြိုက်ဘူး .. စကားမစပ် နှင်းဆီပုံအောက်က ဘာပန်းပုံလည်း မသိဘူးနော် ... ချွန်တွန်တွန်ကြီး .. ချစ်ဖို့တော့ ကောင်းတယ် ဒါပေမယ့် အသည်းယားတယ် :D
Post a Comment
1 comment: