ဆိုင်တော့ မဆိုင်ဘူး..
ဒါပေမယ့် ဒီ အဖွားကြီးကို တွေ့လိုက်တဲ့ အချိန်မှာ ဒေါ်နုနုရည်(အင်းဝ)ရဲ့ စာအုပ်တအုပ်ထဲက ဇာတ်ကောင်တယောက်ကို မြင်သွားတယ်
တောင်ပြုံးပွဲကို မသွားရမနေနိုင်လို့ တုန်တုန်ချိချိနဲ့ အရောက်သွားခဲ့တဲ့ ..
အိပ်ကပ်ထဲမှာ ကျပ်တန်ပဲပါလို့ ခါးပိုက်နှိုက်ကတောင် မခိုးတော့ပဲ လွှတ်ပေးလိုက်တဲ့ ..
အသက် ရှစ်ဆယ်ကျော် အဖွားအို..
ဒီအဖွားကရော..?
ရုရှားလိုသာ ပြောတတ်ရင် သူ့အကြောင်းကို သိခွင့်ရမလားပဲ
တောင်ပြုံးပွဲကိုလဲ တခါလောက်တော့ ရောက်ဖူးချင်သေးတယ်






2 comments:
ငါရောက်ဖူးတယ်..။
မရောက်ဖူးဘူး... ဝေဠုကျော် နှာဗူးရောင်းတာတော့ ကြော်ငြာ မြင်ဖူးတယ်
Post a Comment