Saturday, 7 November 2009

Inle Rendevouz

ဒီနေ့ blog လောကထဲက သူငယ်ချင်း ၃ ယောက် နဲ့ အင်းလေးမှာ တွေ့ဖြစ်တယ်
ဝဝလှလှတစ်ယောက်ရယ် ရေပန်းစားနေတဲ့ တစ်ယောက်ရယ် နောက်.. ဗိုက်အောင့်တတ်တဲ့ အချစ်ရယ်
တွေ့ဖို့ ကြံစည်တာကတော့ ၅ ယောက်ပေါ့.. သွေးကြီးတဲ့ သူတွေကတော့ မလာဘူးပေါ့ကွယ်
တစ်ယောက်က အလုပ်ဆင်းရတယ်တဲ့.. တစ်ယောက်က ဖုန်းတောင် အဆက်အသွယ် မရဘူး
မျက်နှာငယ်လိုက်တာ....



အံ့သြစရာလဲ ကောင်းပါတယ်
မြန်မာ အပေါင်းအသင်းဆိုလို့ ငယ်သူငယ်ချင်းလောက်ပဲ ရှိတဲ့သူတစ်ယောက်က
ခုတော့ online မှာ မြန်မာအပေါင်းအသင်းရယုံမက တွေ့တောင် တွေ့ဖြစ်တယ်
စကားတွေလဲ များလိုက်ကြတာ နောက်ချိန်းထားတာတောင် မမီချင်ဘူး
ဆိုင်ကလူတွေလဲ ရေဖြည့်ပေးရလွန်းလို့ စိတ်ညစ်သွားတယ်ထင်တယ်.. အဟတ်


စားခဲ့တာ.. အကြော်စုံရယ် ဝက်သားတုတ်ထိုးရယ် ရွှေရင်အေးရယ်



တစ်သက်မှာ ၂ခါ လောက်ပဲ အိမ်မှာလုပ်ကျွေးတာ စားဖူးတဲ့ .. ဝက်သားတုတ်ထိုး
ခုတလောတော့ စားဖြစ်တာ ၂ ပါတ်အတွင်းမှာ သုံးခါ
ဆိုင်မှာ ဝက်သားတုတ်ထိုးမစားဖူးရင် လူဖြစ်ရှုံးတယ်လို့ လာပြောလို့ မကျေမချမ်းနဲ့ ကြုံတိုင်းစားမိနေတယ်



ရွှေရင်အေးက သောက်မယ်လို့ အားခဲထားတာ .....



ဖာလူဒါနဲ့ အသုတ်စုံက ဗိုက်မဆန့်တော့လို့ မျက်လုံးနဲ့ပဲ စားခဲ့ရတယ်
သနားပါတယ်...





ဓာတ်ပုံတွေက ချစ်ချစ် ညွှန်ကြားချက်အောက်မှာ ရိုက်ပါတယ် (မလှရင် သူ့အပြစ်)
အချောလေးက ပိုက်ဆံရှင်းပါတယ်.. (ဒီထက်မက ချစ်သူခင်သူ ပေါပါစေ.. ဟိ)
နောက်တစ်ယောက်ကတော့ မနိုင်ပါဘူး (ဘယ်လို မနိုင်တာလဲဆိုတော့.. ဘယ်လိုမှကို မနိုင်တာပါ)

တွေ့ဖြစ်လို့ ပျော်တယ်
စကားတွေများရလို့ ပျော်တယ်
စားချင်တာစားရလို့ ပျော်တယ်
ပြီးတော့ အရုပ်လေး ရလို့လဲ ပျော်ပါတယ်

15 comments:

ဖိုးစိန် said...

မနာလို ဖြစ်အောင် သိပ်လုပ်တယ်

ဒီအမတစ်ယောက်တော့

ကျနော်လဲ မကျေပွဲနွှဲမှာပါဗျာ


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်


တိုင်းရင်းသားပုံလေးတွေလှပ

အယ်ကို said...

အကြော်စုံတွေ၊၀က်သားတုတ်ထိုးတွေ... စားချင်စိတ်တွေထိန်းမရတော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် တခွက်လောက်.... Inle.
လေးစားစွာဖြင့်

khin oo may said...

အလျောက်ကောင်းတဲ့သူကတော့အထောင်းသက်သာတာပေါ့လေ။ တို့လဲ oversea ရောက်နေလို့ပါ။ မဟုတ်လို့ကတော့.........

khin oo may said...

အရုပ်ကလေးသူများမပေးလိုက်နဲ့နော်.
History ရှိတဲ့သူမို့လို့။

ကိုလူထွေး said...

ဖာလူဒါတွေ နှမျောစရာကြီး.........

PAUK said...

ရွှေရင်အေးသောက်ချင်တယ်..
တွေးကြည့်ရုံနဲ့ ပျော်စရာကောင်းမှန်းသိပါတယ်..

စူးနွယ်လေး said...

အိမ်ပြန်သွားတာကိုး..အပျော်တွေ ကူးစက်လာတယ်..တုတ်ထိုးလည်းစားချင်တယ်

မယ်ကိုး said...

မမေလေး....စလုံးရောက်နေတာလား။ ပျော်နေတဲ့ ပုံလေးတွေ များများတင်နော် ။

Vista said...

လာတာသိမှသိပဲ အချောလေးပြောလို့ သိရတာ
ကိုယ့်ကိုမသိစေခြင်လို့ လို့ မှတ်လိုက်ပါတယ်လေ ဟွန်း
အရမ်းချစ်ကြောင်းစကားလေးတော့ပါးလိုက်ပါသေးတယ်.ဒီက

JuneOne said...

ဟယ် စလုံးရောက်နေတာလား။အခုရှိနေသေးလား။

အပြုံးပန်း said...

အင်းလေးဆိုလို့ ရန်ကုန်ကနေ ရှမ်းပြည်အင်းလေးရောက်သွားတယ် မှတ်လို့ ။

ဟို ခရမ်းရောင် သီရေတာကြီးလဲ ဓါတ်ပုံသွားရိုက်အုံးနော်။

ပျော်ရွှင်ပါစေ။

မင်းအိမ်ဖြူ said...

အော် စင်ကာပူ ဆိုတာကို ရောက်နေတာကိုး

နောက်ကျသွားတယ် မသိလိုက်ဘူး

မြန်မာပြည်လည်း ပြန်သွားသေးတယ်ပေါ့လေ

ကောင်းလိုက်တာ

ပျော်ပျော် ပါးပါး သွားသွား လာလာ စားစား သောက်သောက် လုပ်သွားပါ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

အပြီးပြန်လာတာလား ၊ အလည်ပြန်လာတာလား
ဟိုမြန်မာသီချင်းလေး သတိရတယ်

ရွှေပြမျိုးပြ မောင်တို့ နှစ်ယောက်တည်းဆိုတာလေ ဟာဟ

mae said...

ဖိုးစိန် - မုဒိတာပွားပါ

ဇော် - စင်္ကာပူမှာ မြန်မာဆိုင် ပေါပါတယ်

မမ - အပြောမကြီးပါနဲ့၊ ရက်ကျန်သေးတယ် .. သတင်းကျွတ်ကန်တော့ထားတာ မုန့်ဖိုးလာပေးပါ

ကိုလူထွေး - ဖာလူဒါက ကျန်တဲ့ ၃ ယောက် စားတယ်လေ၊ မနှမြောပါဘူး၊

ချစ်ပေါက် - အာဘွား

စူးနွယ် - ဟုတ်တယ်၊ လူရော ဗိုက်ရော ပျော်တယ် :P

မယ်ကိုး - ဟုတ်၊ ပုံတွေတော့ အများကြီးပါ၊ လှည့်စားနေတာနဲ့ မအားလို့....

june - ရှိသေးတယ်၊ ဟင်းချက်ကျွေးမလို့လား?

ချစ်ဗစ် - လေယာဉ်ပျံကွင်း လိုက်ပို့လေ အပြန် .. ဟိ

မအပြုံးပန်း - အဲ့ဒါဘယ်နားလဲ မ? အစားသောင်းကျန်းနေတာနဲ့ ဘယ်မှ မရောက်ဘူး

ကိုမင်းအိမ် - အသိနောက်ကျတယ် အတင်းပြောနေတာ မုန့်ဝယ်ကျွေးရမှာ စိုးလို့ ထင်တယ်

myo said...

မေရိုက်လိုက်မှ ဓါတ်ပုံတွေပိုလှသွားတယ်ဆိုတာ လက်ခံသွားပါပြီ.. ဟိုနေ့ကအဲလောက်မှ မလှတာကို..

ဒါနဲ့ ရေပန်းစားတဲ့တယောက်က ဘယ်နားကရေပန်းတွေကို သွားစားတာလဲငှင်..

ဗိုက်ဆာနေတာနဲ့ တုန်ယမ်း ကြေးအိုးကို ဒါ့ပုံရိုက်ခိုင်းဖို့ မေ့တွားတယ်..

may said...

ရှလွတ် ထပ်စားချင်လိုက်တာ
အပေါ်က ရေပန်းစားတဲ့တယောက်ကတော့ မျက်ခုံးတွေ ဘာတွေလှုပ်လောက်တယ်
ဒါ့ပုံတွေက အရမ်းကို လှတယ် ရိုက်တဲ့သူတော်လို့ ရယ် ကင်မလာကောင်းလို့ ရယ် ဟင်းဟင်း ညွှန်ကြားသူက ပိုတော်လို့ ရယ်ပါ
သွေးကြီးတယ်လား ဟင့်အင်း ဟုတ်ပါဘူး မချောလေးယောက် လူကြမ်းတယောက် ဖြစ်မှာ ကြောက်လို့ ပါ ငှဲငှဲငှဲ

အဲ့ဒါ့ပုံတွေ မတင်ခင် တွေ့ တဲ့ ၄ယောက်သာ တင်လိုက်လို့ ကတော့ သေချာပါတယ် အစားအသောက်ပုံတွေတောင် ကြည့်ဖြစ်တော့မှာ မဟုတ်ပါဘူးကွယ် အဲငှယ် အဲငှယ်