Aug 2009
ခုတလော..
အချိန်တွေ အကုန်မြန်နေတယ်
စိတ်က လူရှေ့ ရောက်နေတတ်လို့ .. အိပ်ချိန်တွေ ပဲ့ပဲ့ပါသွားတယ်
တသီကြီးစီနေတဲ့ အလုပ်တွေအကြောင်းစဉ်းစားရင်း စက်ဘီးစီးပိုမြန်နေတယ်
(လူတစ်ယောက်က လမ်းကူးဖို့အပြင် ကိုယ့်အရှိန်ကို ကြည့်ပြီး f*cking mad တဲ့ .. ဟက်ဟက်ပက်ပက် ပြုံးမိပါတယ်)
ညနေတွေမှာ တိမ်တွေနောက်ကို စက်ဘီးတစ်စီးနဲ့ ပြေးလိုက်ရင်း ..
မိုးသည်းတဲ့နေ့တွေမှာ မျက်စိထဲ တည့်တည့်ဝင်လာတဲ့ မိုးစက်တွေကို ရှောင်ရင်း ..
.. ဖြည်းဖြည်းလို့ ကိုယ့်ကိုယ်ကို သတိပေးရင်းနဲ့ပဲ အိမ်ကို ရောက်မှန်းမသိ ပြန်ရောက်လာတတ်တယ်
နှစ်နှစ်ကျော် မိန်းမြောနေခဲ့တဲ့ ဆင်ဖြူတော်တစ်ကောင်ကို ဆေးကုနိုင်ခဲ့တဲ့ အတွက် ကျေနပ်နေတယ်
"That machine only runs for you" တဲ့
စက်ယန္တရားတောင်မှ ဂရုစိုက်ခံချင်တာ သဘာဝပါပဲ ထင်တယ်
မအပြုံးပန်းရဲ့ Tag အပြည့်အစုံ: http://docs.google.com/View?id=d5qgh4b_0cjzk7mgp
ပထမတော့ တော်တော်နဲ့ ရေးဖြစ်မယ် မထင်ဘူး
ဒါပေမယ့် အိပ်မပျော်တဲ့ ညတစ်ညမှာ စိတ်ထွက်ပေါက်တစ်ခု ဖြစ်သွားတယ်






16 comments:
မမေ ခုတလော အိပ်ချိန်တွေ ပဲ့နေတာ ဖတ်ရတော့ ကိုယ်ချင်းစာမိပါတယ်။ ဒီထက်သာယာလှပတဲ့ ကောင်းကင်လေးတွေ ရရှိနိုင်ပါစေ။ အပေါ်က ပြောသလို မယ်လည်း ပြောတယ်နော်။ :)
မေတ္တာများဖြင့်
မယ်ကိုး
အလုပ်များနေတယ်ဆိုတဲ့အတွက် စိတ်ထွက်ပေါက်ရအောင် တမင်လုပ်ပေးလိုက်တာပါ။ တကယ်ပြောတာ။
ခင်မင်မူအမှတ်တရပေါ့။
ကိုယ်လည်းအိပ်ချိန်တွေထဲကနေဖဲ့ပြီး အလုပ်တွေအများကြီးပဲ လုပ်နေတယ်၊ ဘယ်သူမှ မခိုင်းပါပဲ လုပ်နေတဲ့အလုပ်တွေလေ။
စက်ဘီးစီးနေတဲ့ မေ့ကို မြင်ယောင်ပါတယ်။
အပေါ်ဆုံးက တယောက်လိုပဲ ကိုယ်ကပြောပါတယ်၊ မယ်ကိုးကို အတုခိုးတာ။ :)
အဟမ်း အဟမ်း
မျက်စေ့ပိတ်ပါ..
အသက်ပြင်းပြင်းရှူပါ..
အေးဆေးစီးပါ..
အဟဲ..
faster faster လို့ အမြဲပြောနေမိတယ်။
ရေခဲ့မုန့်ဆို ... o> ... ဘယ်မှာလဲ
ဆင်ဖြူတော်တစ်ကောင်???
"မျက်စိထဲ တည့်တည့်ဝင်လာတဲ့ မိုးစက်တွေကို ရှောင်ရင်း ..."
အဲဒီမျက်လုံးက ရှောင်လို့မရတဲ့ မိုးရေစက်တွေကို ရွာချပေးမနေဘူးဆိုရင် လောကကြီးက သာယာပါတယ်...
စက်ဘီးတော့ ဖြည်းဖြည်းစီးပါ... နောက်တခေါက် f...... m.. ထပ်အပြောခံနေရမစိုးလို့...
းP
ဒီ ဘလော့မှာ အင်္ဂလိပ်လိုတွေကို မနိုင်ဝန်ထမ်းပြီး လိုက်ဖတ်ရတာ တော်တော်ကြာခဲ့တဲ့ နောက်ပိုင်း ... ဖတ်မိတဲ့ မြန်မာလို ရေးထားဖြစ်တဲ့ ပို့စ်တွေထဲမှာ ပထမဆုံး အသိအမှတ်ပြုမိတဲ့ ပို့စ် တစ်ခု ပါပဲ ..
စာပိုဒ် တစ်ပိုဒ်ကို ဖတ်ရင်း လက်တွေ့ဘဝက လူ့ရှေ့ကို ရောက်နေတဲ့ စိတ်တစ်ခုရယ် .. ထိန်းဖို့ ခက်နေတဲ့ မြန်နှုန်းမြှင့် စက်ဘီး တစ်စီးရယ် .. မိုး နဲ့ တိမ်ကို သွယ်ဆက်ထားတဲ့ စာရေးသူရဲ့ ပျော်ဝင်မှု တစ်ခုရယ် .. သူတို့တွေ အားလုံး မကွယ်ဝှက်တမ်း တွေ့ခဲ့ရတယ် ..
ခု တလော ..
ခု တလော ..
ခု တလော ..
( ၁ ) မရတာ ကြာပါပေါ့ .. အဟတ် :D
နေဒေးသစ်။
home made ရေခဲမုန့်အတွက် ကျေးဇူး...
ဒါနဲ့ မအားဘူးဆို.... မုန့်တွေလုပ်စားနေတယ်ပေါ့...
းD
ရေခဲမုန့်က ဘာမှ မကြာပါဘူး.. ငါးမိနစ်လောက် မွှေယုံရယ်
ဆင်ဖြူတော်ဆိုတာ lab ထဲက ပေါင်သုံးသိန်းလောက် တန်တဲ့ ပျက်နေတယ်ဆိုပြီး ပစ်ထားတဲ့ စက်တစ်လုံးပါ၊ ခုတော့ ကိုယ့် project ပေါ့၊
စက်ဘီးကို ဖြည်းဖြည်းစီးရင် အားမရလို့..... ;{
မမေရေ အိပ်ချိန်တွေ ဖဲ့ပေးနေရတယ်ဆိုတော့ ငှားလို့ ရရင်လည်း ပေးငှားချင်ပါတယ် အဟတ်
တကယ်ပြောတာပါ
အခုလုပ်နေတဲ့ အလုပ်က အရင်အလုပ်လောက် Stress မများတော့ နည်းနည်းတော့ သက်သာတယ် ပြောရမယ် ၊၊ ပထမ အလုပ်တုန်းကတော့ မနက် ၈ နာရီကစလိုက်တာ ညနေ ၆ ခွဲ ၇ နာရီ ဘယ်လို ကုန်သွားမှန်းကို မသိတာ ၊ အခုက အနည်းငယ် သက်သာတယ် အင်းးးး
ဒါပေမယ့် နောက် တစ်လုပ်ပြောင်းရပေအုံးမယ် မကြာခင်ပေါ့
ဒီလိုပေါ့ဗျာ ၊၊ အလုပ်တွေ ရှိနေတာတော့ ကောင်းပါတယ် ၊၊ မနက်ဖြန်တွေ အဓိပါယ်ရှိတယ် အဲဒါပေမယ့် ကျွန်တော် အဲဒီမနက်ဖြန်တွေကို ကြောက်နေလောက်အောင်ကို Stress တွေ များလာတော့လည်း မခံနိုင်ဖြစ်ခဲ့ဘူးတယ် ဟာဟ
လူဆိုတာ ဒီလိုပဲနော....
ဘာပဲဖြစ်ဖြစ်ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
အမှန်က ဒီပိုစ့်ကို တပ်ချင်ပေမယ့် အားနာလို့ ဘယ်သူ့ကိုမှ လက်ဆင့်မကမ်းပဲ ထားလိုက်တော့တာ...
မေး...
တို့လည်းလေ တခါတခါ စိတ်စောလို့
လမ်းလျှောက်ရင် စိတ်နောက် ခြေထောက်မလိုက်နိုင်ဖြစ်နေတယ်
Mae,
Don’t know why I prefer to read more of yours in English, haha
Riding the bike fast is cool I like it too
Feel like piercing into the blowing wind
I use to like that feeling but huuuuuuuuuuuuuuuuu I don’t even remember the last time I was on the bicycle and riding it like that
BIG city life makes me stress and tiring
I think you are feeling the same as well
Can feel from your words
I know you are a lot older than me but hope you don’t mind calling you Mae.
I hope you might be getting familiar with their culture well already LOL
Like your fotos
Visit my facebook, I have a lot as well,
Chenaddy…
mae..
ပျော်ပျော်နေပါ။
ဆင်ဖြူတော်ကို အခုမှသိတယ်၊ အဲဒီစာကြောင်းနားမှာ သုံးလေးခါလောက် ဖတ်လိုက်ရတယ်။
ကိုယ်စားမေးပေးတဲ့ ကိုလူထွေးကိုလည်း ကျေးဇူးတင်တယ်။
မေ့ရဲ့အင်္ဂလိပ်စာလေးတွေက နုတယ်။ ဖတ်ရတာကြိုက်တယ်။
ကိုယ့်အတွက်သပ်သပ်ရေးပေးလို့ ကူးယူထားလိုက်တယ်။
လာတယ်မေ။
မေရေ...
မေကတခွန်းပြောလိုက် ကိုယ်ကတခွန်းပြောလိုက်နဲ့ စကားတွေ အများကြီးပြောသွားတယ်...
(မအပြုံးပန်းအတွက် ရေးထားတာလေးပါ နောက်နားကနေ အသာလေးကဲပြီး ခိုးဖတ်သွားတယ်...)
Post a Comment