Wednesday, 29 July 2009

My Wall E


The notice on my Wall E, Loughborough
July 2009


ခုတလော အလုပ်ရှုပ်နေတယ်
နောက်နှစ်ပါတ်လောက်ထိ အသည်းအသန်ရှုပ်မယ်
ပြီးရင်တော့..
အင်း.. ပြီးရင်လဲ ရှုပ်ဦးမှာပါပဲ..

ရှေ့လကုန်ကို မျှော်နေတယ်
မြန်မြန်ရောက်မှာလဲ ကြောက်နေတယ်
ပြောရရင်တော့.. ရူးချင်နေတယ်

research မှ လုပ်ချင်ပါတယ်ဆိုတော့လဲ ...
ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ


(ပုံလေး ကိုဘဆီက ယူပါတယ်)

12 comments:

နေဒေးသစ် said...

စိတ်ရှုပ်ပြီးရေးထားတာမှန်း သိပေမယ့် စာတွေ ဖတ်ပြီးတော်တော်လေးပြုံးသွားတယ်
Do not touch or I might kill u ဆိုပဲ haha :D

research လုပ်ပါတယ်ဆိုမှ ဒီလောက်တော့ စိတ်ရှုပ်ခံရမှာပေါ့ ..
research မလုပ်ချင်ရင် ဘလော့ မောင်နှမတွေနဲ့ တူတူ လသာလမ်းမှာ ဘယာကြော်သွားရောင်းကြမယ်လေ .. မကောင်းဘူးလား ..

ရောင်းချင်ရင် ဆက်သွယ်လိုက်ပါ ..
ပစ္စည်း အစုံဌားပါ့မယ် .. ဟဲဟဲ :D

နေဒေးသစ်။

မယ်ကိုး said...

မမေနဲ့  ကျွန်မ အဖြစ်ခြင်းတူနေတယ်။ :)

အရုဏ်ဦး said...

nice that you have a "guy in your life" to console you ;)

I love Wall-E!

အပြုံးပန်း said...

အောက်ကပုံလေးက ရီချင်စရာလေး။
မေရေ၊ အလုပ်တွေရူတ်ရင်း အချိန်တွေကို ဖြတ်ကျော်နေသလား။
အားပေးဖော်လေးရှိတယ်မဟုတ်လားဟင်၊ ရှိမှာပါ။
ဘလော့ဂ်စာမျက်နှာလေးကို ကြည့်တာနဲ့တင်သိပါတယ်၊ နူးညံ့မယ့်အသွင်မို့။

စကားမစပ်
ပို့လိုက်တဲ့ပန်းတွေရတယ်၊ မဖျက်ပစ်ပါဘူး၊ ချက်ချင်းပြန်မပြောဖြစ်တာ ခွင့်လွတ်။
ပန်းတွေကို ကြိုက်တယ်။

မင်းအိမ်ဖြူ said...

အလုပ်ရှုပ်လို့ စိတ်ရှုပ်နေမယ်ဆိုတာသိပေမယ့်

ဒီလို အရှုပ်မျိုးက ရှုပ်ပါစေဗျာ

စာမေးပွဲက ကလေးမွေးသလိုပဲ ဟီဟိ
အဲဒီအချိန်တော့ တော်ပါပြီ ... နောက်ဘယ်တော့မှ မဖြေတော့ဘူး
ဘာဘွဲ့လွန်မှ မတက်တော့ ဘူး ဘာညာပေါ့
ပြီးတော့ တက်ချင်နေပြန်ရော
အဲဒါစာမေးပွဲစွဲတဲ့ရောဂါဖြစ်မယ် ဟီဟိ

ကလေးကမွေးဖူးဘူးနော် ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ ဖတ်ဖူးတာ ဟဲဟဲ

myo said...

:D

PAUK said...

အရာရာ အဆင်ပြေပါစေ..

khin oo may said...

ကော်ပီရိုက်လဲ မရှိဘူး။သွားတိုင်ဦးမယ်။

ငှက်ကလေး said...

အလဲ့ ဘာတွေ ရှုပ်နေလဲကဲပြော ဒီကလဲ ကူရှုပ်ပေးလို့ ရပါတယ်နော် အဟားးးးးးးးး စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ စိတ်အေးအေးထား အဟားးးး ဆရာလာလုပ်သွားတယ် လူကြီးကို ခိခိ

ဘိုင်

ThuHninSee said...

မ deadပါနဲ့ ထထ ဓါတ်ပုံသွားရိုက်ရအောင်

ဖိုးစိန် said...

သြော် .... မမ မေ က အလုပ်ရှုပ်နေတာကိုးးးးးးးးးးးးး

ရူးချင်နေတယ်လားးးး


အော်..... ဒွတ်ခ....... လုပ်ပေါ့..... ကြိုက်လို့ရွေးထားတာကိုးးး


ဘာ.. ဓာတ်ပုံလဲ ရိုက်ချင်သေးတယ်..ဟုတ်လား.... တယ်... ဒီအမတော့

အလုပ်တွေ ဒီလောက်များနေတဲ့ကြားက....


အင်း.... လိမ်မာတယ်... အဲလိုပဲနေ..... ဒါဖဲ

အဟီးးး


ချစ်ခင်စွာဖြင့်

ဖိုးစိန်

May Flower said...

မေ အဆင်ပြေပါစေ ပျော်ရွှင်ပါစေနော်