..and find that you're missing me
and your heart starts to wonder where on this earth I could be
Thinking maybe you'll come back here to the place that we'd meet
The man who can't be moved - The Script
Click here for black & white version
ရိုက်ပြီး မကြိုက်လို့ လွှင့်ပစ်ထားတဲ့ ပုံလေးတစ်ပုံနဲ့
(ယောက်ျားတစ်ယောက် အဲ့လိုကြီးဆိုတာကို) အမြင်ကပ်ရက်နဲ့ နားထဲမှာလဲ စွဲနေတဲ့ သီချင်းလေးတစ်ပုဒ်ကို ပေါင်းစပ်ကြည့်တာ
အစွန့်ပစ်ခံ ပစ္စည်းလဲ သူ့နေရာနဲ့သူတော့ အသုံးတည့်နေတာပါပဲ






10 comments:
ပုံလေးကို version ၂ မျိုးလုံး အရမ်း အရမ်း သဘောကျတယ် ...
black & white ပုံကိုတော့ အရမ်းကြီး သဘောမကျဘူး
" ရိုက်ပြီး မကြိုက်လို့ လွှင့်ပစ်ထားတဲ့ ပုံလေးတစ်ပုံ " လို့ အပြောခံလိုက်ရတာကိုတော့ ပုံတစ်ပုံနေရာ ခံစားကြည့်ရင်းနဲ့ မကျေမနပ်ဖြစ်မိတယ် ...
ဒီလောက် ကြည့်လို့ ကောင်းနေတဲ့ ပုံပဲကို ...
but အခုတော့ သူ ပျော်ရွှင်သွားလောက်ပါပြီ ....
သူ့အတွက် နေရာတစ်နေရာစာ လဲလျောင်းမှေးစက်ခွင့် ရရှိခဲ့ပြီလေ .. ပိုင်ရှင်ဖြစ်သူက သူ့ကို တန်ဖိုးထား ဖော်ပြခွင့်ပေးခဲ့ပြီ ...
ပုံလေးတွေကိုယ်စား ကြည်နူးပီတိဖြစ်ခဲ့မိတယ် ....
နေဒေးသစ်။
မမေ အသစ်တင်တာ စောင့်နေတာ ကိုနေဒေး ဘယ်တည်းက ဦးသွားမှန်းမသိဘူးD:
ပုံလေးအရမ်းကောင်းပါတယ် အစ်မရဲ့
B & W ပုံလေးကို အနားက သူငယ်ချင်းကို တောင် ပြလိုက်သေးတယ် ...
အဲဒီနေရာက လေကို ရှုချင်တယ် လို့ပြောတော့ အရူးပဲတဲ့
အဟုတ်နော်အစ်မ ဘယ်လောက်များ ဆွေးဖို့ကောင်း မလဲနော် .....
ကိုနေသစ်ဒေးကတော့ အမြဲနံပတ်သစ်ဘဲနော် . .. တစ်ခါတစ်လေများ ပထမဦးဆုံးများ မန့်ရမလားလို့ ... :((
မမရေ စုကျော်ကတော့ ကာလာနဲ့ပို ပိုကြိုက်တယ် .. ဒီလို ကောင်းကင်အရောင်မျိုးက ရခဲတယ်လို့ထင်တယ်လေ ... ထိပ်ဆုံးလေးမှာရပ်ပြီး ပင်လယ်ကြီးကို ကြည့်ချင်တယ် .. မိုက်တယ် ကြိုက်တယ် ဟီးဟိ .. :P
စုကျော် နဲ့ ကိုမင်းအိမ် - နေဒေးက professional commenter.. အဟတ်၊ နေရာတိုင်းမှာ သူပဲ အဦးဆုံး၊
နေဒေး - အဲ့လောက်လဲ လိုက်မခံစားပါနဲ့လေ၊ နှလုံးရောဂါရမယ်၊ ပစ်ခံရတဲ့ ဓာတ်ပုံတိုင်းသာ စိတ်နာရမယ်ဆိုရင် အသဲခွဲမိတာ ထောင်ကျော်နေပြီ..
ဟယ်..
ထောင်ကျော်နေပြီ ဆိုပဲ..
ငါတို့များ မူးလို့ ရှူစရာတောင် မရှိဘူး..
ပညာရှင်လိုမကြည့်တတ်ဘူးလေ...
ဘာလို့ လွှင့်ပစ်ခဲ့လဲ ဆိုတာလဲ မသိဘူး...
သီချင်းလဲ သွားနားထောင်လိုက်သေးတယ်...
မျက်စိထဲမှာ အီရန်က neda ကိုပဲ မြင်မြင်နေမိတယ်...
b&w ပုံလေးကို ကူးသွားမယ်.. ရမလား...
းဝ)
ပေါက်ရစ်ပြီ၊ ဓာတ်ပုံပြောတာကွာ.. သိသိချည်းနဲ့ကို..
ကိုလူထွေး - ရပါတယ်၊ ယူပါး) လွှင့်ပစ်တာက ရိုက်တဲ့ပုံများတော့ တခြားပုံတွေ ပိုလှတယ်ထင်လို့ပါ
ဒီကစောင့်နေသူကလေးက ပင်လယ်စောင့်နတ်သားလေးထင်ပါရဲ့။
မမေ လွှင့်ပစ်လိုက်တဲ့  ပုံလေးကတောင် ကျွန်မအတွက် တော်တော်လှနေတယ်။
နောက် မလွှင့်ပစ်စရာ ပုံလေးတွေကိုလည်း ကြည့်ချင်လို့  လင့်ခထားပါရစေနော်။
ချစ်ခင်တဲ့....
မမွန်ရေ.. အဲ့ဘဲ က နွဲ့လွန်းပါတယ်၊ ကျားကျားယားယားပဲ ကြိုက်တယ်၊ ဟိ
မယ်ကိုးရေ.. အဲ့လိုလဲ မဟုတ်ပါဘူး၊ လူတစ်ယောက်နဲ့ တစ်ယောက်အကြိုက် မတူတာပါ၊ တို့က ပုံတွေကို ကွက်ကွက်ကွင်းကွင်းမှ သဘောကျတာ...
Post a Comment